Saturday, March 01, 2008

နားလည်မှုး ဘယ်သူမှားသလဲ

မပြောဖြစ်ခဲ့တဲ့စကားတွေက
ကို့ အပြစ်လား ကျမ အပြစ်လား

မချစ်လို့ မဟုတ်ခဲ့ပေမယ့်
ကျမထွက်သွားအောင် ကိုပဲ လုပ်ခဲ့တာပဲလေ..

ကျမ အရုပ်တစ်ရုပ်မဟုတ်ဘူး ကို..

ထားရာနေ စေရာသွားဆိုတဲ့ စကားမှာ
ရှင် ကျမကို ပစ်ထားနိုင်တယ်ဆိုတာ မပါဘူး..

လောကကြီးမှာ ကိုယ်ပေးသလောက်ပဲ ပြန်ရတတ်တယ် ကို...


ချစ်ခြင်းကို နားမလည်၊ ကြင်နာခြင်းကို မကျေညက်
အစိမ်းသက်သက်တဲ့.... အဟက် ...

နောက်ဆုံးတော့
ကျမ ချစ်ခဲ့မိ အပြစ်ရှိပါသည်လို့ပဲ...

No comments: