Tuesday, January 29, 2008

ငါ ချစ်တဲ့သူး The One I Love

မော်လီကျူးတွေကြား ဗျာများနေတဲ့ ငါ့ဘဝ
အချစ်ဆိုတာကို ချိတ်ပိတ်ထားခဲ့တာ ကြာပေါ့
မင်းနဲ့တွေ့မှ...

သဘာဝနဲ့ ဦးနှောက်က လှိုင်းနုလေးတွေက
ငါမငြင်းနိုင်တဲ့ အမှန်တရားတွေတဲ့လား..
ဟားတိုက်ချင်ခဲ့မိတယ်
မင်းနဲ့တွေ့မှ..

(လူတစ်ယောက်က ပြောခဲ့ဖူးတယ်)
ရင်ခုန်တယ်ဆိုတာကို
ရှင်းပြလို့ ရနိုင်ပါတယ်တဲ့
ငါမယုံခဲ့မိဘူး..
မင်းနဲ့တွေ့မှ..

အပြစ်မတင်ခဲ့ပါဘူး..

ဓမ္မတာအရကိုက အသက်ရှင်ဖို့တွက်
အဟောင်းတွေ ဆိတ်သုဉ်းပေးကြရတာပဲ...

ဒါပေမယ့်..

အမှတ်မရှိတဲ့ ဒီနှလုံးသားပေါ်မှာ
ထင်းထင်းပေါ်နေတဲ့ နာမည်တစ်ခုကို
ဖျက်ပစ်ဖို့တော့ မကြိုးစားခိုင်းပါနဲ့

=